Sharing Our Story
Program
Quotes
"ဘုရားရှင်ကဝိညဥ်တော်အားဖြင့်တိုက်တွန်းတဲ့အခါ၊အခြားဘာသာစကားခက်ခဲတဲ့သူတွေဘုရားကျောင်းမှာလာ ထိုင်ပြီးပြန်သွားမယ့်အသက်တာမျိုး၊အစီစဥ်မှာပါဝင်နိုင်တဲ့အဖြစ်မျိုးမရှိရလေအောင်ကြိုးစားပြီးအစုဖွဲ့လေးနဲ့ စတင်လာတာအခုချိန်မှာမြန်မာစကားပြောအသင်းတော်ကိုဖွဲ့စည်းနိုင်အောင်ဘုရားရှင်ပို့ဆောင်ခဲ့တယ်။ ဒါကြောင့်မိတ်ဆွေတို့မိမိရှိတဲ့နေရာမှာအထီးကျန်ပြီးအမှုတော်အတွက်ပါဝင်ဖို့ခက်ခဲတယ်လို့ သုံးသပ်နေသူများရှိခဲ့မယ်ဆိုရင်ပထမဦးဆုံးခြေလှမ်းအနေနဲ့သင်ရှိတဲ့နေရာမှာဆုတောင်းလိုက်ပါ။သင်ယုံကြည်ကိုးကွယ်တဲ့ဘုရားသင့်ကိုလမ်းပြပါလိမ့်မယ်။"
Pr. Aung Latt, NADMAM President
"USA နဲ့ Canada မှာ အမှုတော်ဆောင်တွေအများကြီးလိုအပ်နေပါတယ်။ အသင်းတော်ကျောင်းဆင်းရော၊ အသင်းသူအသင်းသားတွေကိုရောဖိတ်ခေါ်ချင်ပါတယ်။ နောက်ဆုံးသောကာလရောက်ရှိနေပါပြီ၊ အတတ်နိုင်ဆုံး အချိန်ပေးပြီးအမှုတော်ထဲမှာအတူတကွလက်တွဲပါဝင်ဖို့ အနူးအညွတ်ဖိတ်ခေါ်ပါတယ်။ မိမိရှိတဲ့နေရာမှာ တတ်နိုင်တဲ့ကဏ္ဏကနေအမှုတော်ဆောင်ကြရအောင်။ "
- Lalrammawia Vuite, NADMAM Secretary
"အမှုတော်အတွက် လုပ်ဆောင်နိုင်တဲ့နေရာများစွာရှိပေမယ့် ငွေကြေးအခက်ခဲရှိတဲ့အတွက် ဆိုင်းငံ့ထားရတာတွေလဲအများကြီးရှိခဲ့တယ်။ အမှုတော်ထဲပါဝင်ဆက်ကပ်မယ့်သူတွေအတွက် ကိုယ့်စိတ်နဲ့ကိုယ်လုပ်မယ့်အစားဘုရားရှင်ကိုအရင်ဆက်ကပ်အပ်နှံမယ်ဆိုရင် သန့်ရှင်းသောဝိညဥ်လှုံ့ဆော်ခြင်းအားဖြင့် အခြားအခက်ခဲတွေ၊ စိန်ခေါ်မှုတွေကိုလုံးဝမမြင်တော့ပါဘူး။ ဘုရားရှင်ရဲ့အမှုတော်ထဲပါဝင်ပြီးလုပ်ဆောင်ရင်အခက်ခဲတွေပိုမိုကြုံတွေ့နိုင်တယ်၊ အများပြစ်တင်ပြောဆိုတာလဲခံရမယ်။ ဒါပေမယ့်ဘုရားရှင် ပေးတဲ့အသိပညာခွန်အားနဲ့အားလုံးကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။ NADMAM မှာ အမှုတော်ဆောင်ဖို့ အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။ ငွေကြေးမရရှိပေမယ့်ကောင်းကြီးမဂလာတွေမြောက်များစွာရရှိမယ်လို့ယုံကြည်ပါတယ်။ "
- Aye Thida Lwin Tun, NADMAM Treasurer
News and Updates
Subscribe to our newsletter and receive the latest news about NADMAM Communication Department